Banner

Relationship စီမံခန့်ခွဲမှုအတွက် သီးသန့်အဖွဲ့ဝင်များ

သီးသန့်ခန့်အပ်ထားသော Relationship Manager များ

သီးသန့်ခန့်အပ်ထားသော Relationship Manager များ

Relationship Manager များသည် လူကြီးမင်း၏ ရုံးခန်း (သို့) နေအိမ်တွင် လာရောက်တွေ့ဆုံကာ ဘဏ်လုပ်ငန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ပံ့ပိုးပေးပြီး ထုတ်ကုန်သစ် နှင့် ဝန်ဆောင်မှုအသစ်များ၏ သတင်းများကို မိတ်ဆက်မျှဝေကာ ဘဏ်အတွင်း လူကြီးမင်း၏ portfolio ကောင်းမွန်စေရန် ကူညီပေးမှာဖြစ်ပါသည်။Relationship Manager များသည် လူကြီးမင်း၏ ကိုယ်ပိုင်တစ်ဦးချင်း ဘဏ်ကိစ္စရပ်များသာမက စီးပွားရေးလုပ်ငန်းဆိုင်ရာ ဘဏ်လုပ်ငန်းလိုအပ်ချက်များကိုပါ ချိတ်ဆက်ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။

သီးသန့်ခန့်အပ်ထားသော Customer Ambassadorများ

သီးသန့်ခန့်အပ်ထားသော Customer Ambassadorများ

Customer Service Manager သည် ဘဏ်ခွဲတွင် အဓိက ဆက်သွယ်ချိတ်ဆက်ရမည့်သူ ဖြစ်ပြီး လူကြီးမင်း၏ ငွေကြေး transaction ကိစ္စရပ်များတွင် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။ ဘဏ်ခွဲသို့ ရောက်ရှိသည်နှင့် တစ်နေရာထဲတွင် ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ရန် တာဝန်ယူကာ ကူညီပေးသွားမည့်သူများ ဖြစ်ပါသည်။

သီးသန့်ခန့်အပ်ထားသော Virtual Relationship Ambassador များ

သီးသန့်ခန့်အပ်ထားသော Virtual Relationship Ambassador များ

Virtual Relationship Ambassador များသည် လူကြီးမင်းကို ဖုန်းမှတစ်ဆင့် ချိတ်ဆက်သွားမည့်သူများဖြစ်ပြီး ဘဏ်မှပြုလုပ်မည့် campaign အစီအစဉ်သစ်များ၊ ဝန်ဆောင်မှုသစ်များ နှင့် ပရိုမိုးရှင်းအသစ်များကို စဉ်ဆက်မပြတ် သတင်းပေးမျှဝေနေမှာဖြစ်ပါသည်။ Virtual Relationship Ambassador များ၏ hotline နံပါတ်သို့ hotline နံပါတ်သို့ လူကြီးမင်း၏ မှတ်ပုံတင်ထားသောဖုန်းဖြင့်ခေါ်ဆိုကာ ရယူလိုသော ဘဏ်ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး မေးမြန်းစုံစမ်းနိုင်ပါသည်။

Our Services

Safe Deposit Locker

Safe Deposit Locker

လူကြီးမင်း၏ အဖိုးတန်ပစ္စည်းများကို ကာကွယ်ရန် ကျွန်ုပ်တို့၏ လုံခြုံစိတ်ချရသော Safe Deposit Lockers များကို အထူးနှုန်းထားနှင့် ရရှိနိုင်ပါပြီ။ ပိုမိုသိရှိလိုပါက 8666 သို့ခေါ်ဆိုနိုင်ပါသည် (သို့မဟုတ်) နီးစပ်ရာဘဏ်ခွဲမှာမေးမြန်းနိုင်ပါသည်။

 ၂၄ နာရီ တစ်ပတ်လုံး ဆက်သွယ်နိုင်မည့် Hotline – ၈၆၆၆

၂၄ နာရီ တစ်ပတ်လုံး ဆက်သွယ်နိုင်မည့် Hotline – ၈၆၆၆

ဘဏ်ဖွင့်ချိန်အတွင်း လူကြီးမင်းအတွက်သီးသန့် Virtual Relationship Ambassador (VRA) နှင့် ပြောဆိုဆက်သွယ်နိုင်ပြီး ဘဏ်ပိတ်ချိန်များတွင် ကျွန်ုပ်တို့၏ Customer service ဝန်ထမ်းများမှ လူကြီးမင်းသိရှိလိုသော ဝန်ဆောင်မှုဆိုင်ရာမေးခွန်းများကို ဖြေကြားပေးမှာဖြစ်ပါသည်။

လူကြီးမင်း၏ Virtual Relationship Manager (VRM) ကိုဖုန်းခေါ်ဆိုလိုက်ပါ

လူကြီးမင်း၏ Virtual Relationship Manager (VRM) ကိုဖုန်းခေါ်ဆိုလိုက်ပါ

လူကြီးမင်း၏ KYC ကို မှတ်ပုံတင်ထားသော ဖုန်းနံပါတ်ဖြင့် ဘဏ်တွင် အပ်ဒိတ်လုပ်ထားပါက သင်သည် ဦးစားပေး Premium Banking hotline 8666 (+95 9969508666) သို့ခေါ်ဆိုသောအခါတွင် လူကြီးမင်းသည်လူကြီးမင်း၏သက်ဆိုင်ရာ VRA သို့ အလိုအလျောက်ချိတ်ဆက်သွားမည်ဖြစ်ပါသည်။ မှတ်ပုံတင်ထားသောနံပါတ်သည် ကွဲလွဲနေပါက ဤဝန်ဆောင်မှုကိုရရှိနိုင်ရန်လူကြီးမင်း၏ KYC ဘဏ်ခွဲတွင် အပ်ဒိတ်လုပ်ရန် လိုအပ်ပါသည်။ လူကြီးမင်းအကောင့်စတင် ဖွင့်လှစ်ခဲ့သော ဘဏ်ခွဲသို့ သွားရောက်ပြီး လုပ်ငန်းစဉ်တွင် လူကြီးမင်းကိုကူညီပေးမည့် လူကြီးမင်း၏သီးသန့် Premium Banking Customer Service မန်နေဂျာကို တွေ့ဆုံမေးမြန်းနိုင်ပါသည်။

အထူးသီးသန့်ဖြစ်သော ချက်စာအုပ်နှင့် ငွေစာရင်းစာအုပ်

အထူးသီးသန့်ဖြစ်သော ချက်စာအုပ်နှင့် ငွေစာရင်းစာအုပ်

လူကြီးမင်း၏ Premium Banking ငွေစာရင်းများအတွက် အထူးသီးသန့်ဖြစ်သော ချက်စာအုပ်နှင့် ငွေစာရင်းစာအုပ်များကို ရရှိနိုင်ပါသည်။