About Us Image

ကျွန်ုပ်တို့အကြောင်း

“ မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကပိုင် ဘဏ်ကြီးတစ်ခုအနေဖြင့် ရပ်တည်လျက်ရှိသည့် ကမ္ဘောဇဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင်းရှိ လူပုဂ္ဂိုလ်တစ်ဦးချင်း နှင့် ကုန်သွယ်မှုဆိုင်ရာဘဏ်လုပ်ငန်းများ၏ ၄၀ ရာခိုင်နှုန်းကို ကိုယ်စားပြုထားပြီး နိုင်ငံ၏ စွန့်ဦးတီထွင်များ၊ စီးပွားရေးလုပ်ငန်းများ နှင့် လူမှုအဖွဲ့အစည်းအသိုင်းအဝိုင်းများ တိုးတက်အောင်မြင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့တွင် ကမ္ဘောဇဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ခေတ်သို့ လျင်မြန်စွာ ထိုးဖောက်လာခြင်းကို ခြေရာခံပြီး မျိုးဆက်သစ်ဘဏ်လုပ်ငန်းတစ်ခုအသွင် ကူးပြောင်းနေခြင်းကို ပံ့ပိုးကူညီပေးလျက်ရှိပါသည်။


ကမ္ဘောဇဘဏ်သည် နောက်ဆုံးပေါ် core banking platform ကို ပြောင်းရွှေ့အသုံးပြုသွားမည်ဖြစ်ပြီး Client များ၏ ဘဏ်လုပ်ငန်းဆိုင်ရာလိုအပ်ချက်များအတွက် အဆင့်မြင့်၊ အခက်အခဲကင်းသည့် ဝန်ဆောင်မှုများကို ပေးအပ်သွားနိုင်မှာဖြစ်ပါသည်။ ဝန်ဆောင်မှုများကိုပေးအပ်သွားမှာဖြစ်ပါသည်။ ကမ္ဘောဇဘဏ်သည် Client များကို ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ထိရောက်စွာပေးအပ်သွားနိုင်ရန် နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုသွားမှာဖြစ်သည့် တစ်ပြိုင်နက် ဘဏ်လုပ်ငန်းရှင်များ နှင့် ခေါင်းဆောင်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးသွားနိုင်ရန် လုပ်ကိုင်ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံ၏ အနာဂတ်အား နိုင်ငံ၏ အဓိကကျသော အဖွဲ့အစည်းများ၏ အင်အားပေါ်တွင် အခြေခံတည်ဆောက်ရမည်ဖြစ်ပြီး ကမ္ဘောဇဘဏ်မှ ၎င်းလမ်းကြောင်းကို ဦးစီးဖော်ဆောင်လျက်ရှိပါသည်။


ကမ္ဘောဇဘဏ်၏ Premium Banking သည် တန်ဖိုးထားလေးစားအပ်သော Client များအတွက် ပြီးပြည့်စုံသည့် ဝန်ဆောင်မှုများဖြစ်သည့် Premium Service များ၊ ကောင်းမွန်သောဆက်ဆံရေးကို အခြေခံသည့် Premium Relationship နှင့် နိုင်ငံတကာနှင့် ချိတ်ဆက်ထားပြီး ပိုမိုစုံလင်သော အထူးအခွင့်အရေးများစွာ ခံစားရရှိနိုင်မည့် လူမှုနေထိုင်မှုဘဝအတွက် Premium Privileges များကို ပေးအပ်သွားမည်ဖြစ်ပါသည်။”

About Us Image

Why Us?

KBZ Premium Banking သည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လိုအပ်ချက်အလိုက် သီးသန့်ဝန်ဆောင်မှုများကို ပေးအပ်သွားမှာဖြစ်ပါသည်။ အမျိုးအစားစုံလင်သော ဘဏ်လုပ်ငန်းဆိုင်ရာထုတ်ကုန်များကို အကောင်းမွန်ဆုံးသော လုပ်ဆောင်ချက်များ နှင့် အထူးနှုန်းထားများ၊ လူကြီးမင်းကိုယ်တိုင် နှင့် လူကြီးမင်း၏ မိသားစုဝင်များအတွက် ကျန်းမာရေးဆိုင်ရာ ကာကွယ်မှုများအတွက် သီးသန့်ထုတ်ကုန်များ နှင့် အခြားသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုအများအပြားကို ပါဝင်မှာဖြစ်ပါသည်။ KBZ Premium Banking ဖြင့် လူကြီးမင်း၏ နေ့စဉ်လူနေမှုဘဝနှင့်ကိုက်ညီသော နိုင်ငံတကာအဆင့်မီ အကျိုးကျေးဇူးများ နှင့် အခွင့်အရေးများကို ရရှိနိုင်မှာဖြစ်ပါသည်။

ကျွန်ုပ်တို့နှင့် အခုပဲ ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးကို တည်ဆောက်လိုက်ပါ

Call Us

Call Us

Premium Banking Hotline နံပါတ် 8666 (+95 9969508666) သို့ ဆက်သွယ်ခြင်းဖြင့် ဘဏ်စာရင်း အကောင့် ဖွင့်လှစ်ရန် နှင့် အခြားလိုအပ်သော စာရွက်စာတမ်း ကိစ္စများကို စုံလင်စွာ ပြောပြ ဝန်ဆောင်မှု ပေးနိုင်ပါသည်။

Visit Us

Visit Us

Premium Banking ဝန်ဆောင်မှုကို နီးစပ်ရာ ဘဏ်ခွဲတွင် ရယူရန် Premium Banking ဘဏ်ခွဲ (၁၀၀) စာရင်းကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။ ကျေးဇူးပြု၍ ဘဏ်ခွဲသို့ သွားရောက်ရာတွင် မှတ်ပုံတင် မူရင်းကို ယူဆောင်သွားပါရန် အကြံပြုအပ်ပါသည်။