
“ မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကပိုင် ဘဏ်ကြီးတစ်ခုအနေဖြင့် ရပ်တည်လျက်ရှိသည့် ကမ္ဘောဇဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင်းရှိ လူပုဂ္ဂိုလ်တစ်ဦးချင်း နှင့် ကုန်သွယ်မှုဆိုင်ရာဘဏ်လုပ်ငန်းများ၏ ၄၀ ရာခိုင်နှုန်းကို ကိုယ်စားပြုထားပြီး နိုင်ငံ၏ စွန့်ဦးတီထွင်များ၊ စီးပွားရေးလုပ်ငန်းများ နှင့် လူမှုအဖွဲ့အစည်းအသိုင်းအဝိုင်းများ တိုးတက်အောင်မြင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့တွင် ကမ္ဘောဇဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ခေတ်သို့ လျင်မြန်စွာ ထိုးဖောက်လာခြင်းကို ခြေရာခံပြီး မျိုးဆက်သစ်ဘဏ်လုပ်ငန်းတစ်ခုအသွင် ကူးပြောင်းနေခြင်းကို ပံ့ပိုးကူညီပေးလျက်ရှိပါသည်။
ကမ္ဘောဇဘဏ်သည် နောက်ဆုံးပေါ် core banking platform ကို ပြောင်းရွှေ့အသုံးပြုသွားမည်ဖြစ်ပြီး Client များ၏ ဘဏ်လုပ်ငန်းဆိုင်ရာလိုအပ်ချက်များအတွက် အဆင့်မြင့်၊ အခက်အခဲကင်းသည့် ဝန်ဆောင်မှုများကို ပေးအပ်သွားနိုင်မှာဖြစ်ပါသည်။ ဝန်ဆောင်မှုများကိုပေးအပ်သွားမှာဖြစ်ပါသည်။ ကမ္ဘောဇဘဏ်သည် Client များကို ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ထိရောက်စွာပေးအပ်သွားနိုင်ရန် နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုသွားမှာဖြစ်သည့် တစ်ပြိုင်နက် ဘဏ်လုပ်ငန်းရှင်များ နှင့် ခေါင်းဆောင်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးသွားနိုင်ရန် လုပ်ကိုင်ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံ၏ အနာဂတ်အား နိုင်ငံ၏ အဓိကကျသော အဖွဲ့အစည်းများ၏ အင်အားပေါ်တွင် အခြေခံတည်ဆောက်ရမည်ဖြစ်ပြီး ကမ္ဘောဇဘဏ်မှ ၎င်းလမ်းကြောင်းကို ဦးစီးဖော်ဆောင်လျက်ရှိပါသည်။
ကမ္ဘောဇဘဏ်၏ Premium Banking သည် တန်ဖိုးထားလေးစားအပ်သော Client များအတွက် ပြီးပြည့်စုံသည့် ဝန်ဆောင်မှုများဖြစ်သည့် Premium Service များ၊ ကောင်းမွန်သောဆက်ဆံရေးကို အခြေခံသည့် Premium Relationship နှင့် နိုင်ငံတကာနှင့် ချိတ်ဆက်ထားပြီး ပိုမိုစုံလင်သော အထူးအခွင့်အရေးများစွာ ခံစားရရှိနိုင်မည့် လူမှုနေထိုင်မှုဘဝအတွက် Premium Privileges များကို ပေးအပ်သွားမည်ဖြစ်ပါသည်။”
KBZ Premium Banking သည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လိုအပ်ချက်အလိုက် သီးသန့်ဝန်ဆောင်မှုများကို ပေးအပ်သွားမှာဖြစ်ပါသည်။ အမျိုးအစားစုံလင်သော ဘဏ်လုပ်ငန်းဆိုင်ရာထုတ်ကုန်များကို အကောင်းမွန်ဆုံးသော လုပ်ဆောင်ချက်များ နှင့် အထူးနှုန်းထားများ၊ လူကြီးမင်းကိုယ်တိုင် နှင့် လူကြီးမင်း၏ မိသားစုဝင်များအတွက် ကျန်းမာရေးဆိုင်ရာ ကာကွယ်မှုများအတွက် သီးသန့်ထုတ်ကုန်များ နှင့် အခြားသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုအများအပြားကို ပါဝင်မှာဖြစ်ပါသည်။ KBZ Premium Banking ဖြင့် လူကြီးမင်း၏ နေ့စဉ်လူနေမှုဘဝနှင့်ကိုက်ညီသော နိုင်ငံတကာအဆင့်မီ အကျိုးကျေးဇူးများ နှင့် အခွင့်အရေးများကို ရရှိနိုင်မှာဖြစ်ပါသည်။
လူကြီးမင်း၏ လိုအပ်ချက်အလိုက် သာလွန်ပြည့်စုံပြီး သီးသန့်ဆန်တဲ့ Premium Banking ဝန်ဆောင်မှုများကို လွယ်ကူလျင်မြန်စွာ ရယူနိုင်ပါပြီ။ ဘဏ်စာရင်းအကောင့်ဖွင့်လှစ်နိုင်မယ့်နည်းလမ်းများစွာထဲက လူကြီးမင်းစိတ်ကြိုက်နည်းလမ်းကို ရွေးချယ်နိုင်ပါသည်။

Premium Banking client တစ်ဦးဖြစ်သော လူကြီးမင်းအား ခေတ်မီနည်းပညာဖြင့် သီးသန့်ထုတ်လုပ်ထားသည့် ဘဏ်လုပ်ငန်းဆိုင်ရာထုတ်ကုန်များဖြစ်သော အပ်ငွေစာရင်းများ၊ ကတ်များ၊ အာမခံကိစ္စရပ်များအတွက် အထူးနှုန်းထားနှင့်အမျိုးအစားများ စသည်တို့ကိုဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။

Premium Banking client တစ်ဦးဖြစ်သော လူကြီးမင်းအား တစ်နေရာထဲတွင်ပင် ဝန်ဆောင်မှုအားလုံး ရရှိနိုင်စေရန် ဘဏ်ခွဲသို့လာရောက်သည်နှင့်တစ်ပြိုင်နက် လူကြီးမင်းအတွက် သီးခြားစီစဉ်ထားရှိပေးသော Client Service Manager မှ လူကြီးမင်းဆောင်ရွက်လိုသော ဘဏ်လုပ်ငန်းများကို တစ်နေရာထဲတွင် ပြီးပြည့်စုံစေရန် ဝန်ဆောင်မှုပေးမည် ဖြစ်ပါသည်။ထို့အပြင် Virtual Relationship Ambassador များလည်း ခန့်အပ်ထားရှိပေးမည်ဖြစ်ပါသောကြောင့် ဘဏ်ဝန်ဆောင်မှုများအတွက် ခေါ်ဆိုဆက်သွယ်နိုင်ပါသည်။

Premium Banking client တစ်ဦးအနေဖြင့် လူကြီးမင်း၏ ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အရည်အချင်းပြည့်ဝပြီး ဝန်ဆောင်မှုအတွေ့အကြုံရင့် ဝန်ထမ်းများ ထားရှိပေးမှာဖြစ်ပါသည်။ လူကြီးမင်း စာရင်းစတင်ဖွင့်လှစ်ခဲ့သော မူလဘဏ်ခွဲ Home Branch မန်နေဂျာသည် Relationship Head အနေဖြင့် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး Relationship Manager ၊ Service Ambassador နှင့် Virtual Relation Ambassador များက ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။

Premium Banking client တစ်ဦးဖြစ်သော လူကြီးမင်းအနေဖြင့် ပြည်တွင်း နှင့် နိုင်ငံတကာရှိ အကောင်းဆုံးသော အထူးအခွင့်အရေးအချို့ကိုလည်း ခံစားရရှိနိုင်မည်ဖြစ်ပါသည်။ လေဆိပ်များတွင် စိတ်အေးချမ်းသာစွာ နားနေနိုင်သော Premium Lounges များ၊ Club များရှိ Golf Access များ၊ အရေးပေါ် ကျန်းမာရေးအထောက်အပံ့များ စသဖြင့် နိုင်ငံတကာနှင့်ချိတ်ဆက်ထားသော အခွင့်အရေးများကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။