
လူကြီးမင်း၏ ဘဏ္ဍာရေးဆိုင်ရာလိုအပ်ချက် အမျိုးမျိုးတို့ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ကြွယ်ဝချမ်းသာမှုကို တိုးပွားစေရန် မြင့်မားသည့်အတိုးနှုန်းများနှင့် အထူးသီးသန့်ခံစားခွင့်များပါရှိသော ငွေစာရင်းအမျိုးမျိုးကို ရွေးချယ်နိုင်သည်။

ကမ္ဘောဇဘဏ်မှ လူကြီးမင်းတို့၏ ငွေကြေးကို အဆင်ပြေလွယ်ကူစွာ စီမံခန့်ခွဲနိုင်ရန် နှင့် အပ်နှံထားသည့် ပမာဏအတိုင်း သတ်မှတ်ချက်မရှိဘဲ လွယ်ကူစွာငွေ ထုတ်ယူနိုင်မည့် ငွေစာရင်းအကောင့်အသစ်အား မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။ ငွေစာရင်းအကောင့် ဖွင့်ရာတွင် အတိုးနှုန်း ၁၀% အထိ ရရှိနိုင်သော ငွေစုဘဏ်အပ်ငွေစာရင်းအား ဖွင့်လှစ်နိုင်မှာဖြစ်ပါသည်။ စာရင်းဖွင့်ရန် စတင်အပ်နှံငွေအား ငွေသားဖြင့်သာထည့်သွင်းနိုင်ပြီး ငွေသားအပ်နှံမှုများကို မြန်မာတစ်နိုင်ငံလုံးရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ပြုလုပ်နိုင်ပါသည်။
Explore
ကမ္ဘောဇဘဏ်လီမိတက်၏ ငွေစုဘဏ်အပ်ငွေစာရင်းသည် အသက်(၁၈)ပြည့်ပြီးသော နိုင်ငံသားများအားလုံး ဖွင့်လှစ်နိုင်သော စာရင်း အမျိုးအစားတစ်မျိုးဖြစ်ပါသည်။ ငွေစုဘဏ်အပ်ငွေစာရင်းသည် အတိုးရရှိသောစာရင်း အမျိုးအစားဖြစ် ပါသည်။
Explore