KBZ Bank Premium Banking နှင့် Epsom College Malaysia တို့ ပူးပေါင်း၍ အထူးပညာရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်း

KBZ Bank Premium Banking သည် Epsom College Malaysia နှင့် ပူးပေါင်း၍ Premium Banking customer များ၏ သားငယ်၊ သမီးငယ်များအတွက် ရည်ရွယ်သည့် အထူးပညာရေးဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် Epsom College Malaysia ၏ CEO ဖြစ်သူ Mr. Mark Lankester က မလေးရှားအခြေစိုက်ကျောင်းနှင့် ယူကေနိုင်ငံများရှိ ပင်မကျောင်းတို့၏ ချိတ်ဆက်မှု၊ ဒေသတွင်း၌ ဗြိတိသျှပညာရေးစနစ်ကို ကျင့်သုံးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးမှုတွင် IGCSE နှင့် A-Level ပညာရေးစနစ်များ အကြောင်းကို အဓိကထား ထည့်သွင်းဆွေးနွေးခဲ့ပါသည်။

KBZ Bank Premium Banking အနေဖြင့် နိုင်ငံတကာပညာရေး ကျွမ်းကျင်သူများနှင့် ဒေသတွင်းမိသားစုများအကြား ဗဟုသုတများ ဖလှယ်နိုင်ရန် ဖန်တီးပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက်သစ်များ ပိုမိုတိုးတက်လာစေရန် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးခဲ့ခြင်း ဖြစ်ပါသည်။