
KBZ Bank Premium Banking နှင့် CIC, E&C Education Consultancy တို့ ပူးပေါင်းစီစဉ်သည့် နိုင်ငံတကာပညာရေးပြပွဲ (International Study Fair) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် တောင်ကြီးမြို့ရှိ Jasmine Palace Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါပွဲတွင် CIC ၏ Managing Director ဖြစ်သူ Mr. Eric က နိုင်ငံတကာပညာရေး အခွင့်အလမ်းများနှင့် ပတ်သက်သည့် အချက်အလက်များကို မျှဝေဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးမှုတွင် ပြည်ပ၌ ပညာသင်ကြားရန် လိုအပ်ချက်များနှင့် အနာဂတ်အခွင့်အလမ်းများကို အဓိကထား ရှင်းလင်းမျှဝေခဲ့ကြပါသည်။
ပညာရေးသည် လူတစ်ဦးချင်းစီအတွက်သာမက လူမှုအသိုင်းအဝိုင်း၏ ရေရှည်တိုးတက်မှုအတွက် အရေးပါသော ရင်းနှီးမြှုပ်နှံမှုဖြစ်သည်ဟု မှတ်ယူထားရာ ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံရှိ လူငယ်များ၏ အရည်အချင်း ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှရှုပံ့ပိုးလျက်ရှိပါသည်။ ထို့ကြောင့် KBZ Bank Premium Banking အနေဖြင့် customer များအတွက် နိုင်ငံတကာအဆင့်မီ ပညာရေးဆိုင်ရာ ပံ့ပိုးမှုများနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပေါင်းစပ်ကာ လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိပါသည်။