Home Page

Premium Banking

Diamond Card

Premium Banking customer တစ်ဦးအနေဖြင့် လူကြီးမင်းသည် နိုင်ငံပေါင်း 180 တွင် လွယ်ကူထိရောက်စွာအသုံးပြုနိုင်သော နိုင်ငံတကာအသိအမှတ်ပြု MPU-UPI Dual branded Card ကို ပထမနှစ်အတွက် အခမဲ့ရယူ အသုံးပြုနိုင်မှာဖြစ်ပါသည်။ ဤကတ်သည် ပြည်တွင်း၌သာမက ပြည်ပ/ကမ်းလွန်တွင် စာရင်းသွင်းမှုများနှင့် ဝယ်ယူမှုများပါ ကတ်ကိုပါ အဆင်ပြေထိရောက်စွာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

MPU-UPI Dual branded Debit Card ၏ အထူးအခွင့်အရေးနှင့် အကျိုးကျေးဇူးများ

ကျွန်ုပ်တို့၏ Premium Banking Diamond customer များသည် dual branded MPU-UPI Premium Banking Asia Prestige Diamond ကတ်ကို ရရှိမည်ဖြစ်ပါသည်။

အကျိုးကျေးဇူးများ

HNI customer များအတွက် သီးသန့်နှုန်းထားများ

ကျွန်ုပ်တို့၏ HNI customer များအတွက်သာ သီးသန့်လျှော့ပေါ့သတ်မှတ်ပေးထားသည့် အထူးနှုန်းထားများကိုသာ KBZ Premium Debit card များအတွက်ပေးဆောင်ရမည်ဖြစ်ပါသည်။

Global Concierge

Concierge ဝန်ဆောင်မှုသည် ချမ်းသာကြွယ်ဝသောခရီးသည်များ သို့မဟုတ် မြင့်မားသော profile ရှိသည့်ခရီးသည်များအတွက်သာ မဟုတ်ပါ။ ကျွန်ုပ်တို့၏ concierge ဝန်ဆောင်မှုသည် ခရီးသွားခြင်း၊ ဖျော်ဖြေရေး၊ ဈေးဝယ်ခြင်း နှင့် အခြားကိုယ်ရေးကိုယ်တာလိုအပ်ချက်များအပါအဝင် အထူးလိုအပ်ချက်များကို ကူညီပေးနိုင်ရန်ရည်ရွယ်ပြီး ကတ်ကိုင်ဆောင်သူအားလုံးမှ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ကမ္ဘာအနှံ့ကူညီထောက်ပံ့ပေးသည့်ဝန်ဆောင်မှု

လူကြီးမင်း၏ ပြည်ပခရီးသွားလိုအပ်ချက်များနှင့်ကိုက်ညီစေရန် ခရီးသွားအထောက်အပံ့ နှင့် ဆေးဘက်ဆိုင်ရာအကူအညီများ ပါဝင်သော အထူးသီးသန့်အခွင့်အရေးများကို ပြည့်စုံစွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ကမ္ဘာအနှံ့ သီးသန့်လေဆိပ်နားနေခန်းဝန်ဆောင်မှု

လူကြီးမင်း၏ခရီးစဉ် သက်တောင့်သက်သာရှိစေရန်အတွက် နိုင်ငံတကာလေဆိပ်များရှိ VIP နားနေခန်းများတွင် VIP ဝန်ဆောင်မှုကို ခံစားရယူနိုင်မည်ဖြစ်ပါသည်။

U Collection

U Collection သည် UnionPay မှ လူကြီးမင်းအတွက် ရွေးချယ်ပေးထားသည့် ကမ္ဘာ့အကောင်းဆုံးသော ဝန်ဆောင်မှုများမှတစ်ခုဖြစ်ပါသည်။


အသေးစိတ်ကို လေ့လာရန်