Home Page

KBZ
Premium Banking

KBZ Premium Banking ဝန်ဆောင်မှုမှ ကြိုဆိုလိုက်ပါသည်။ KBZ Premium Banking ဝန်ဆောင်မှုကို ကမ္ဘောဇဘဏ်၏ တန်ဖိုးထားလေးစားအပ်သော Customer များအတွက် အထူးစီစဉ်ဆောင်ရွက်ကာ ဝန်ဆောင်မှုပေးအပ်သွားမှာ ဖြစ်ပါသည်။

About Us

မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကပိုင် ဘဏ်ကြီးတစ်ခုအနေဖြင့် ရပ်တည်လျက်ရှိသည့် ကမ္ဘောဇဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင်းရှိ လူပုဂ္ဂိုလ်တစ်ဦးချင်း နှင့် ကုန်သွယ်မှုဆိုင်ရာဘဏ်လုပ်ငန်းများ၏ ၄၀ ရာခိုင်နှုန်းကို ကိုယ်စားပြုထားပြီး နိုင်ငံ၏ စွန့်ဦးတီထွင်များ၊ စီးပွားရေးလုပ်ငန်းများ နှင့် လူမှုအဖွဲ့အစည်း…

Why us

KBZ Premium Banking သည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လိုအပ်ချက်အလိုက် သီးသန့်ဝန်ဆောင်မှုများကို ပေးအပ်သွားမှာဖြစ်ပါသည်။ အကောင်းမွန်ဆုံးလုပ်ဆောင်ချက်များနှင့် အထူးနှုန်းထားများပါဝင်သော အမျိုးအစားစုံလင်သည့် ဘဏ်လုပ်ငန်းဆိုင်ရာထုတ်ကုန်များ၊လူကြီးနှင့်လူကြီးမင်းတို့မိသားစု…

Starting Relationship

လူကြီးမင်း၏ လိုအပ်ချက်အလိုက် သာလွန်ပြည့်စုံပြီး သီးသန့်ဆန်တဲ့ Premium Banking ဝန်ဆောင်မှုများကို လွယ်ကူလျင်မြန်စွာ ရယူနိုင်ပါပြီ။ ဘဏ်စာရင်းအကောင့်ဖွင့်လှစ်နိုင်မယ့်နည်းလမ်းများစွာထဲက လူကြီးမင်းစိတ်ကြိုက်နည်းလမ်းကို ရွေးချယ်နိုင်ပါသည်။

အမျိုးအစားစုံလင်သော KBZ Premium Banking ဝန်ဆောင်မှုများ

Premium Relationship Management

Premium Banking customer တစ်ဦးအနေဖြင့် လူကြီးမင်း၏ ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အရည်အချင်းပြည့်ဝပြီး ဝန်ဆောင်မှုအတွေ့အကြုံရင့် ဝန်ထမ်းများ ထားရှိပေးမှာဖြစ်ပါသည်။ လူကြီးမင်း စာရင်းစတင်ဖွင့်လှစ်ခဲ့သော မူလဘဏ်ခွဲ Home Branch မန်နေဂျာသည် Relationship Head အနေဖြင့် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး Relationship Manager ၊ Service Ambassador နှင့် Virtual Relation Ambassador များက ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။

Premium Services

Premium Banking customer တစ်ဦးဖြစ်သော လူကြီးမင်းအား တစ်နေရာထဲတွင်ပင် ဝန်ဆောင်မှုအားလုံး ရရှိနိုင်စေရန် ဘဏ်ခွဲသို့လာရောက်သည်နှင့်တစ်ပြိုင်နက် လူကြီးမင်းအတွက် သီးခြားစီစဉ်ထားရှိပေးသော Customer Service Manager မှ လူကြီးမင်းဆောင်ရွက်လိုသော ဘဏ်လုပ်ငန်းများကို တစ်နေရာထဲတွင် ပြီးပြည့်စုံစေရန် ဝန်ဆောင်မှုပေးမည် ဖြစ်ပါသည်။ထို့အပြင် Virtual Relationship Ambassador များလည်း ခန့်အပ်ထားရှိပေးမည်ဖြစ်ပါသောကြောင့် ဘဏ်ဝန်ဆောင်မှုများအတွက် ခေါ်ဆိုဆက်သွယ်နိုင်ပါသည်။

Premium World Class Privileges

Premium Banking customer တစ်ဦးဖြစ်သော လူကြီးမင်းအနေဖြင့် ပြည်တွင်း နှင့် နိုင်ငံတကာရှိ အကောင်းဆုံးသော အထူးအခွင့်အရေးအချို့ကိုလည်း ခံစားရရှိနိုင်မည်ဖြစ်ပါသည်။ လေဆိပ်များတွင် စိတ်အေးချမ်းသာစွာ နားနေနိုင်သော Premium Lounges များ၊ Club များရှိ Golf Access များ၊ အရေးပေါ် ကျန်းမာရေးအထောက်အပံ့များ စသဖြင့် နိုင်ငံတကာနှင့်ချိတ်ဆက်ထားသော အခွင့်အရေးများကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။

Premium Products

Premium Banking customer တစ်ဦးဖြစ်သော လူကြီးမင်းအား ခေတ်မီနည်းပညာဖြင့် သီးသန့်ထုတ်လုပ်ထားသည့် ဘဏ်လုပ်ငန်းဆိုင်ရာထုတ်ကုန်များဖြစ်သော အပ်ငွေစာရင်းများ၊ ကတ်များ၊ အာမခံကိစ္စရပ်များအတွက် အထူးနှုန်းထားနှင့်အမျိုးအစားများ စသည်တို့ကိုဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။