Home Page
Enjoy up to 2% cash rebate using KBZ MPU-UnionPay Diamond Debit Cards and Platinum Credit Cards

KBZ MPU-UnionPay Diamond Debit Card, Platinum Credit Card များအသုံးပြုပြီး 2% အထိ ပြန်အမ်းငွေများရယူခံစားနိုင်ခွင့်

KBZ MPU-UnionPay Asia Prestige Program ၏  Diamond Debit Card နှင့် Platinum Credit Card   ကိုအသုံးပြုနေသောလူကြီးမင်းများအား ပြန်အမ်းငွေများရယူနိုင်မည့်အထူးအစီအစဥ်တစ်ခုနှင့် မိတ်ဆက်ပေးချင်ပါတယ်။ KBZ MPU-UnionPay Diamond Debit Card, Platinum Credit Card များကို နိုင်ငံပေါင်း 180 ကျော်မှာရှိသော UnionPay Network နှင့် ချိတ်ဆက်ထားသော POS စက် (သို့မဟုတ်) E-commerce ဝက်ဘ်ဆိုဒ်များမှာ အသုံးပြုပါက 2% အထိ ပြန်အမ်းငွေများရယူနိုင်မယ့် အစီအစဥ်ပဲဖြစ်ပါတယ်။ 

လူကြီးမင်းတို့အနေဖြင့် ယခုအထူးအခွင့်အရေးကို ရယူရန်အတွက် KBZ MPU-UnionPay Platinum Credit Card နှင့် Diamond Debit Card ကို တစ်လလျှင်အနည်းဆုံး USD 15 ထိသုံးစွဲပေးရမှာဖြစ်ပါတယ်။

ပြန်အမ်းငွေရရှိနိုင်မည့် ခံစားခွင့်များမှာ-

  • ၁လအတွင်း USD 15 နှင့်အထက် အသုံးပြုသူများအတွက် ၁%
  • ၁လအတွင်း USD 50 နှင့်အထက် အသုံးပြုသူများအတွက် ၁.၅%
  • ၁လအတွင်း USD 100 နှင့်အထက် အသုံးပြုသူများအတွက် ၂%

ပြန်လည်ရရှိမယ့် ပြန်အမ်းငွေများကိုတော့ လူကြီးမင်းတို့၏ ကတ်ထဲသို့ လကုန်ပြီး ၁၀ရက်အတွင်း တိုက်ရိုက် ထည့်သွင်းပေးသွားမှာဖြစ်ပြီး ယခုအစီအစဉ်ကို ၇.၄.၂၀၂၄ ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။

ဒါကြောင့် အထူးအစီအစဥ်များကို ရယူခံစားနိုင်ဖို့ နီးစပ်ရာကမ္ဘောဇဘဏ်များမှာ KBZ MPU-UnionPay Platinum Credit Card နှင့်  Diamond Debit Card တွေကို အခုပဲလျှောက်ထားလိုက်ရအောင်။ 

စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များပါရှိပါသည်။

ကမ္ဘာလုံးဆိုင်ရာ COVID ကူးစက်ရောဂါသည် ကျွန်ုပ်တို့အားလုံးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့ပါသည်။ ကမ္ဘောဘဏ်၏ ကြီးမားကျယ်ပြန့်သောဘဏ်ခွဲများနှင့်  အကြီးမားဆုံးသော ATM ကွန်ယက် များ ရှိနေသည့်တိုင်အောင်  customers များအနေဖြင့် ဘဏ်ခွဲများသို့ သွားရောက်ရန် အခက်အခဲများ ကြုံတွေ့နေကြရပါသည်။

Customer များ နှင့် customer များကို ဝန်ဆောင်မှုပေးနေသော ဘဏ်ဝန်ထမ်းများ၏ ကျန်းမာဘေးကင်းလုံခြုံမှုရှိရေးသည် ကမ္ဘောဇဘဏ်၏ အဓိကဦးစားပေးဖြစ်သည့်အတွက် ယခုမိတ်ဆက်ပေးသွားမည့် ဝန်ဆောင်မှုကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုကို ယုံကြည်ပြီး အစဉ်တစိုက်အသုံးပြုလာခဲ့သော customer များ၏ ဆက်ဆံရေးကို အသိအမှတ်ပြုပြီး တန်ဖိုးထားလေးစားရပါသော လူကြီးမင်းတို့အတွက် သီးသန့် VIRTUAL RELATIONSHIP AMBASSADOR (VRA) ဝန်ဆောင်မှု ကို မိတ်ဆက်ပေးအပ်သွားမည်ဖြစ်ပါသည်။

လူကြီးမင်းတို့၏ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များအတွက် လိုအပ်သည်များကို ကူညီပေးနိုင်ရန် သီးသန့် Virtual Relationship Manager မှ ပုံမှန်ဖုန်းခေါ်ဆို၍ ဆက်သွယ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ Virtual Relationship Ambassador များမှ

  • လူကြီးမင်း၏ ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ အဆင်ပြေစွာ လုပ်ဆောင်နိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခြင်း။
  • လူကြီးမင်း၏ ငွေကြေးလွှဲပြောင်းမှု လုပ်ငန်းစဉ်များတွင် အခက်အခဲရှိပါက ကူညီဖြေရှင်းရန် အသင့်ရှိခြင်း။
  • ဘဏ်ဝန်ဆောင်မှုနှင့်ပတ်သက်၍ အခက်အခဲ တွေ့ကြုံရပါက ဘဏ်အတွင်းရှိ သက်ဆိုင်ရာ ဘဏ်ခွဲ၊ ဌာနများနှင့် လက်တွဲလုပ်ဆောင်ပြီး ဖြေရှင်းပေးခြင်း။
  • ဘဏ်မှ မိတ်ဆက်ပေးသွာမည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုသစ်များအကြောင်းကို အချိန်နှင့်တပြေးညီ မျှဝေပေးခြင်း။
  • ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များအတွက် လူကြီးမင်းထံတွင် မေးမြန်းလိုသည်များရှိပါက အချက်အလက်များ ပံ့ပိုးပေးပြီး လိုအပ်သော အကူအညီပေးခြင်း စသဖြင့် ဝန်ဆောင်မှုအသီးသီး ပေးအပ်သွားမည် ဖြစ်ပါသည်။

VRA ဝန်ဆောင်မှုအချိန်

  • VRA ဝန်ဆောင်မှုသည် ရုံးချိန် နံနက် (၉) နာရီမှ ညနေ (၅) နာရီ၊ တနင်္လာနေ့ မှ သောကြာနေ့အထိ ဖြစ်ပါသည်။

အခြားဆက်သွယ်နိုင်သော ဖုန်းနံပါတ်

  • လူကြီးမင်း၏ Virtual Relations Ambassador များအပြင် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ မေးမြန်းစုံစမ်းမှုများအတွက် (၂၄) နာရီ ဝန်ဆောင်မှုပေးလျက်ရှိသော Premium Banking Hotline ဖုန်းနံပါတ် 8666 (+95 9969508666) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
  • ဘဏ်ဖွင့်ချိန်အတွင်း လူကြီးမင်း၏ အနီးဆုံးဘဏ်ခွဲသို့လည်း လာရောက်မေးမြန်းနိုင်ပါသည်။
  • (၂၄) နာရီ ဒီဂျစ်တယ်ဘဏ်လုပ်ငန်းဆိုင်ရာများအတွက် အင်တာနက် banking ဝန်ဆောင်မှုများဖြစ်သော mBanking နှင့် iBanking တို့ကိုလည်း လွယ်ကူအဆင်‌ပြေစွာ အသုံးပြုနိုင်ပါသည်။

ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများကိုအားပေးထောက်ပံ့ အသုံးပြုသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ ကမ္ဘောဇဘဏ်မှလည်း လူကြီးမင်းတို့နဲ့ ဆက်ဆံရေးကို အထူးပင်တန်ဖိုးထား ဂုဏ်ယူမိပါသည်။

မြန်မာနိုင်ငံ၏အကြီးဆုံးဘဏ်တစ်ခုအနေဖြင့် ကမ္ဘောဇဘဏ်သည် customerများအား အကောင်းဆုံးသော အတွေ့အကြုံများကိုပေးစွမ်းနိုင်ရန် ဝန်ဆောင်မှုများစွာကိုလည်း ပေးအပ်ထားပြီးဖြစ်ပါသည်။

  • မြန်မာတစ်နိုင်ငံလုံးတွင် အကြီးမားဆုံးသောကွန်ယက်ဖြင့် ဝန်ဆောင်မှုပေးနေသော ဘဏ်ခွဲပေါင်း (၅၀၀)
  • မြန်မာတစ်နိုင်ငံလုံးတွင် ATM စက်‌ပေါင်း (၁၂၀၀) ကျော်
  • Customer များ ဆက်သွယ်မေးမြန်းနိုင်သော (၂၄) နာရီဝန်ဆောင်မှုပေးနေသည့် Premium Banking Hotline
  • မြန်မာနိုင်ငံ၏အလျင်မြန်ဆုံး တိုးတက်ကြီးထွားနေသော မိုဘိုင်းငွေပေးချေမှုကွန်ယက် – KBZPay
  • ဝန်ဆောင်မှုအသစ် – Virtual Relationship Ambassadors
  • NEW: Virtual Relationship Ambassadors

၂၀၂၀ ခုနှစ်တွင် ကမ္ဘောဇဘဏ်သည် ဂုဏ်ထူးဆောင်ဆုများစွာကိုချီးမြှင့်ခြင်း ခံခဲ့ရပါသည်။

  • Asia Banking and Finance Awards for Retail Banking and Digital Payment (KBZPay)
  • Celent Model Bank Awards