Home Page

အထူးငွေသား စာရင်းသေအပ်ငွေစာရင်း

ကမ္ဘောဇဘဏ်မှ အထူးငွေသားစာရင်းသေအပ်ငွေစာရင်းဖြစ်သော ရက် ၃၀ နှင့် ရက် ၉၀ စာရင်းများကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး စာရင်းဖွင့်ရန် လိုအပ်သည့် စတင်အပ်နှံငွေအား ငွေသား (သို့) မိမိ၏ Cash Account မှတစ်ဆင့် ငွေလွှဲကာအပ်နှံနိုင်ပါသည်။ အထူးငွေသားစာရင်းသေအပ်ငွေစာရင်းသည် မြင့်မားသောအတိုးနှုန်း ရရှိလိုသော client များနှင့်မိမိငွေကြေးအား လွယ်ကူစွာ စီမံခန့်ခွဲမှုပြုလုပ်လိုသော client များအတွက် အထူးသင့်လျှော်ပါသည်။


စာရင်းဖွင့်လှစ်နိုင်သော client များ

  • လူပုဂ္ဂိုလ်များ (တစ်ဦးချင်း သို့မဟုတ် နှစ်ဦး၊ သုံးဦးစသဖြင့် တွဲဖက်စာရင်းများ)
  • အဖွဲ့အစည်းများ (NGO, INGO, Pagoda Trustees, Universities, etc)
  • ကုမ္ပဏီများ (DICA Issued Company Registration)
  • စီးပွားရေးလုပ်ငန်း နှင့် ကုမ္ပဏီများ (Non-DICA Issued Company Registration)

မြင့်မားသော အတိုးနှုန်း

  • ပုံမှန်စာရင်းသေအပ်ငွေစာရင်းထက် မြင့်မားသော အတိုးနှုန်းရရှိနိုင်ခြင်း။
  • ငွေစုဘဏ်အပ်ငွေစာရင်းကဲ့သို့ လစဉ်အတိုးရရှိနိုင်ရန်အတွက် သတ်မှတ်ထားသည့်အချိန်အတွင်းသာငွေပေး သွင်းရန်မလိုအပ်ပဲ အခြားသောနေ့ရက်များ၌ပါ ငွေသွင်းနိုင်ခြင်း။

အပ်နှံခြင်း

  • စာရင်းဖွင့်ရန် လိုအပ်သည့် စတင်အပ်နှံငွေအား ငွေသား (သို့) မိမိ၏ Cash Account Operating Account များမှတစ်ဆင့် ငွေလွှဲကာ အပ်နှံနိုင်ခြင်း။
  • စာရင်းဖွင့်လှစ်ခဲ့သည့်ဘဏ်ခွဲတွင် အပ်ငွေသက်တမ်း ပြည့်မြောက်ပါက အဆိုပါစာရင်းဖွင့်လှစ်ခဲ့သည့်ဘဏ်ခွဲ၌ ဘဏ်အတိုးနှင့်တကွ ပြန်လည်ထုတ်ယူနိုင်ခြင်း။

လွယ်ကူစွာ ထုတ်ယူနိုင်ခြင်း

  • စာရင်းသက်တမ်းကုန်ဆုံးပါက မိမိ၏အပ်ငွေအားလုံးအား Operating Account Cash Account – ခေါ်ယူအပ်‌ငွေစာရင်း/ စာရင်းရှင်စာရင်း (သို့) ပုံမှန် ခေါ်ယူအပ်‌ငွေစာရင်း/ စာရင်းရှင်စာရင်းသို့ လွှဲပြောင်၍ ငွေသားဖြင့် ထုတ်ယူနိုင်ခြင်း။

အပ်နှံထားနိုင်သည့် ကာလအပိုင်းအခြားနှင့် အတိုးနှုန်း

အနည်းဆုံး စတင်အပ်နှံငွေ – ၁,၀၀၀,၀၀၀ ကျပ်

မှတ်ချက်။ အနည်းဆုံး စတင်အပ်နှံငွေထက်ပို၍ အပ်နှံနိုင်ပါသည်။ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။

High-Interest rate

  • ဘဏ်တွင်အပ်နှံထားသည့် ကာလအပိုင်းအခြားပေါ်မူတည်၍ မြင့်မားသော အတိုးနှုန်းများအား ခံစားနိုင်ခြင်း။

Joint account

  • တစ်ဦး (သို့) တစ်ဦး ထက်ပို၍ တွဲဖက်စာရင်း ဖွင့်လှစ်နိုင်ခြင်း။

Withdrawals

  • အပ်ငွေသက်တမ်း ပြည့်မြောက်ပါက အဆိုပါ စာရင်းအားဖွင့်လှစ်ခဲ့သည့် မူလဘဏ်ခွဲ၌ ဘဏ်အတိုးနှင့်တကွ ပြန်လည်ထုတ်ယူနိုင်ပါသည်။