Home Page

KBZ Premium Banking Service မှတစ်ဆင့် Samsung Galaxy Z Fold5 နှင့် Z Flip5 Preorder မှာယူပြီး အထူးလျှော့စျေးနှင့်အခြားတန်ဖိုးရှိဆုလက်ဆောင်များရယူနိုင်ခွင့်

လေးစားအပ်ပါသော KBZ Premium Banking Customer များ

လူကြီးမင်းတို့အနေဖြင့် Samsung မှ နောက်ဆုံးထွက်ရှိမည့် Galaxy Z Fold5 နှင့် Z Flip5 ဖုန်းများကို ကြိုတင်(Preorder) မှာယူပါက အထူးပရိုမိုးရှင်းနှင့်လက်ဆောင်များရရှိနိုင်မယ့် အစီအစဉ်တစ်ခုနှင့် မိတ်ဆက်ပေးလိုပါတယ်။ KBZ Premium Banking  မှတစ်ဆင့် ဖုန်းများကို Preorder မှာယူသောအခါ လူကြီးမင်းတို့ ရရှိနိုင်မယ့် အထူးခံစားခွင့်များကတော့.          

  • ကြိုတင် Pre Order မှာယူခြင်းအတွက် Deposit ၁သိန်းကျပ် ပေးဆောင်ရန် မလိုအပ်ခြင်း
  • မှာယူထားသော ဖုန်းကို သတ်မှတ်ထားသောရက်ထက် ကြိုတင်ထုတ်ယူနိုင်ခြင်း
  • ဖုန်းတန်ဖိုးအပေါ်တွင် ၆ ရာခိုင်နှုန်းအထိလျှော့ဈေး ရရှိနိုင်ခြင်း အပြင် ၇ သိန်းကျပ်တန်ဖိုးရှိ လက်ဆောင်များဖြစ်သော Memory Upgrade, Travel Adapter, ဖုန်း model အလိုက် Original Phone Cover များဖြစ်တဲ့ Fold5 အတွက် S-Pen holder cover နှင့် Flip5 အတွက် flip suit case နှင့် a smart cover card စတဲ့ လက်ဆောင်များရရှိနိုင်ခြင်း
  • ပထမဆုံး Preorder တင်သူ အယောက် (၂၀) ဦးအတွက်  20,000 mAh Power bank လက်ဆောင်များထပ်မံရရှိနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။

Preorder စတင်ပြီး မှာယူနိုင်မယ့်အချိန်ကတော့ ဇူလိုင်လ ၂၇ ရက်နေ့ မှ သြဂုတ်လ ၁၇ ရက် ၂၀၂၃ ခုနှစ်အထိဖြစ်ပြီး KBZ Bank Premium Banking မှတစ်ဆင့်ကြိုတင်မှာယူထားပါကဖုန်းကိုစောလျှင်စွာထုတ်ယူနိုင်မှာဖြစ်ပါတယ်။ 

ဒါကြောင့် အထူးခံစားခွင့်များကို ရယူခံစားနိုင်ဖို့ KBZ Premium Banking  လူကြီးမင်းများ အနေဖြင့် Samsung Galaxy Z Fold5 နှင့် Z Flip5 တို့ကို Preorder မှာယူရန်အတွက် မိမိရဲ့သက်ဆိုင်ရာ Relationship Manager မှတစ်ဆင့် အခုပဲ မှာယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပေးလိုက်ရပါတယ်။

စည်းကမ်းသတ်မှတ်ချက်များပါရှိပါသည်။