Home Page
Enjoy up to 2% cash rebate using KBZ MPU-UnionPay Diamond Debit Cards and Platinum Credit Cards

KBZ MPU-UnionPay Diamond Debit Card, Platinum Credit Card များအသုံးပြုပြီး 2% အထိ ပြန်အမ်းငွေများရယူခံစားနိုင်ခွင့်

KBZ MPU-UnionPay Asia Prestige Program ၏  Diamond Debit Card နှင့် Platinum Credit Card   ကိုအသုံးပြုနေသောလူကြီးမင်းများအား ပြန်အမ်းငွေများရယူနိုင်မည့်အထူးအစီအစဥ်တစ်ခုနှင့် မိတ်ဆက်ပေးချင်ပါတယ်။ KBZ MPU-UnionPay Diamond Debit Card, Platinum Credit Card များကို နိုင်ငံပေါင်း 180 ကျော်မှာရှိသော UnionPay Network နှင့် ချိတ်ဆက်ထားသော POS စက် (သို့မဟုတ်) E-commerce ဝက်ဘ်ဆိုဒ်များမှာ အသုံးပြုပါက 2% အထိ ပြန်အမ်းငွေများရယူနိုင်မယ့် အစီအစဥ်ပဲဖြစ်ပါတယ်။ 

လူကြီးမင်းတို့အနေဖြင့် ယခုအထူးအခွင့်အရေးကို ရယူရန်အတွက် KBZ MPU-UnionPay Platinum Credit Card နှင့် Diamond Debit Card ကို တစ်လလျှင်အနည်းဆုံး USD 15 ထိသုံးစွဲပေးရမှာဖြစ်ပါတယ်။

ပြန်အမ်းငွေရရှိနိုင်မည့် ခံစားခွင့်များမှာ-

  • ၁လအတွင်း USD 15 နှင့်အထက် အသုံးပြုသူများအတွက် ၁%
  • ၁လအတွင်း USD 50 နှင့်အထက် အသုံးပြုသူများအတွက် ၁.၅%
  • ၁လအတွင်း USD 100 နှင့်အထက် အသုံးပြုသူများအတွက် ၂%

ပြန်လည်ရရှိမယ့် ပြန်အမ်းငွေများကိုတော့ လူကြီးမင်းတို့၏ ကတ်ထဲသို့ လကုန်ပြီး ၁၀ရက်အတွင်း တိုက်ရိုက် ထည့်သွင်းပေးသွားမှာဖြစ်ပြီး ယခုအစီအစဉ်ကို ၇.၄.၂၀၂၄ ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။

ဒါကြောင့် အထူးအစီအစဥ်များကို ရယူခံစားနိုင်ဖို့ နီးစပ်ရာကမ္ဘောဇဘဏ်များမှာ KBZ MPU-UnionPay Platinum Credit Card နှင့်  Diamond Debit Card တွေကို အခုပဲလျှောက်ထားလိုက်ရအောင်။ 

စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များပါရှိပါသည်။