Home Page

ငွေစာရင်းအကောင့် စာရင်းရှင်အပ်ငွေစာရင်း

ကမ္ဘောဇဘဏ်မှ လူကြီးမင်းတို့၏ ငွေကြေးကို အဆင်ပြေလွယ်ကူစွာ စီမံခန့်ခွဲနိုင်ရန် နှင့် အပ်နှံထားသည့် ပမာဏအတိုင်း သတ်မှတ်ချက်မရှိပဲ လွယ်ကူစွာငွေ ထုတ်ယူနိုင်မည့် ငွေစာရင်းအကောင့်အသစ်မှ စာရင်းရှင်အပ်ငွေစာရင်းအား မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။ ငွေစာရင်းအကောင့်ဖွင့်ရာတွင် အတိုးနှုန်း ၆% ရရှိနိုင်သော စာရင်းရှင်အပ်ငွေစာရင်း ဖွင့်လှစ်နိုင်မှာဖြစ်ပါသည်။ စာရင်းဖွင့်ရန် စတင်အပ်နှံငွေအား ငွေသားဖြင့်သာထည့်သွင်းနိုင်ပြီး ငွေသားအပ်နှံမှုများကို မြန်မာတစ်နိုင်ငံလုံးရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ပြုလုပ်နိုင်ပါသည်။


ငွေစာရင်းအကောင့်ဖွင့်ရန် လျှောက်ထားနိုင်မည့်သူများမှာ

  • စီးပွါးရေးလုပ်ငန်းများ ( DICA နှင့် Non-DICA)
  • အဖွဲ့အစည်းများ (NGO, INGO နှင့် တက္ကသိုလ်များ)
  • လူပုဂ္ဂိုလ်တစ်ဦးချင်း – မြန်မာနိုင်ငံသားများ နှင့် မြန်မာနိုင်ငံတွင် တရားဝင်ဗီဇာဖြင့်နေထိုင်သော နိုင်ငံခြားသားများ

ငွေစာရင်းအကောင့် – စာရင်းရှင်အပ်ငွေစာရင်း၏ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများမှာ

  • အပ်ငွေထည့်သွင်းလိုက်သည့် ပမာဏအလိုက် ကန့်သတ်ချက်မရှိ ငွေသားပြန်လည်ထုတ်ယူနိုင်ခြင်း။(အနည်းဆုံး လက်ကျန်ငွေအားစာရင်းထဲတွင် ထိန်းသိမ်းထားရန်လိုအပ်ပါသည်။)
  • စာရင်းရှင်အပ်ငွေစာရင်းအကောင့်အသစ်မှ အခြားကမ္ဘောဇဘဏ်အကောင့်များကို အခမဲ့ ငွေလွှဲပြောင်းနိုင်ခြင်း။
  • မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲတိုင်းတွင် ငွေသားမလိုသည့် debit transaction များအား ပြုလုပ်နိုင်ခြင်း။
  • Business Debit နဲ့ MPU ကတ်တို့အား အခမဲ့ထုတ်ပေးခြင်း။
  • လူကြီးမင်း၏ ငွေကြေးကို ဘဏ်သို့သွားရောက်ရန်မလိုအပ်ပဲ ဒီဂျစ်တယ်နည်းလမ်းမှတဆင့် စီမံနိုင်စေရန် Corporate iBanking နှင့် mBanking အား ဖွင့်လှစ်ပေးခြင်း။

ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း အမျိုးအစားတစ်ခုခြင်းစီ၏ လိုအပ်သော ကနဦးအပ်နှံငွေ နှင့် အနည်းလက်ကျန်ငွေတို့အား အောက်တွင်ဖော်ပြထားပါသည်။

စာရင်းရှင်အပ်ငွေစာရင်း (လူပုဂ္ဂိုလ်တစ်ဦးချင်း/ပူးတွဲ)

စတင်အပ်နှံငွေ:
၁၀,၀၀၀ ကျပ်

အနည်းဆုံးလက်ကျန်ငွေ:

၁၀,၀၀၀ ကျပ်

စာရင်းရှင်အပ်ငွေစာရင်း (စီးပွါးရေးလုပ်ငန်းများ)

စတင်အပ်နှံငွေ:
၁၀၀,၀၀၀ ကျပ်

အနည်းဆုံးလက်ကျန်ငွေ:

၁၀၀,၀၀၀ ကျပ်

စာရင်းရှင်အပ်ငွေစာရင်း (လူပုဂ္ဂိုလ်တစ်ဦးချင်း/ပူးတွဲ)

စတင်အပ်နှံငွေ:
၁၀,၀၀၀ ကျပ်

အနည်းဆုံးလက်ကျန်ငွေ:

၁၀,၀၀၀ ကျပ်

စာရင်းရှင်အပ်ငွေစာရင်း (စီးပွါးရေးလုပ်ငန်းများ)

စတင်အပ်နှံငွေ:
၁၀၀,၀၀၀ ကျပ်

အနည်းဆုံးလက်ကျန်ငွေ:

၁၀၀,၀၀၀ ကျပ်

ငွေစာရင်းအကောင့်-ငွေစုဘဏ်အပ်ငွေစာရင်း၏ ငွေသားထုတ်ယူနိုင်သော ဘဏ်ခွဲများ

ငွေစာရင်းအကောင့်သစ်:ခေါ်ယူအပ်ငွေစာရင်း နှင့် စာရင်းရှင်အပ်ငွေစာရင်း နှင့် ပတ်သတ်သည့် အသေးစိတ်အကြောင်းအရာများကို ပိုမိုသိရှိရန်

ငွေစာရင်းအကောင့်သစ်_ငွေစုဘဏ်အပ်ငွေစာရင်း နှင့် ပတ်သတ်သည့် အသေးစိတ်အကြောင်းအရာများကို ပိုမိုသိရှိရန်