Home Page

ခေါ်ယူအပ်ငွေစာရင်း

ကမ္ဘောဇဘဏ်လီမိတက်၏ ခေါ်ယူအပ်ငွေစာရင်းအား တစ်ဦးတည်းပိုင်လုပ်ငန်းလုပ်သူများ၊ စီးပွားရေး ကုန်သွယ်လုပ်ငန်းရှင်များ၊ ကုန်ရောင်းကုန်ဝယ်ပြုလုပ်သူများနှင့် အသက်(၁၈) ပြည့်ပြီးသော နိုင်ငံသားများ အားလုံး ဖွင့်လှစ်နိုင်သော စာရင်းအမျိုးအစားတစ်မျိုးဖြစ်ပါသည်။ ခေါ်ယူအပ်ငွေစာရင်းသည် နေ့စဉ် အတိုးရရှိသော စာရင်းအမျိုးအစားဖြစ်ပါသည်။

ငွေစာရင်းစာအုပ်

ငွေစာရင်းတစ်ခုအောင်မြင်စွာ ဖွင့်လှစ်ပြီးပါက သင့်အား ငွေစာရင်းစာအုပ်ထုတ်ပေးမည်ဖြစ်သည်။ Savings Deposit အကောင့်ကဲ့သို့မဟုတ်ဘဲ လစဉ်အချိန်မရွေး ငွေလာရောက်အပ်နှံနိုင်ပြီး အတိုးခံစားနိုင်မည်ဖြစ်သည်။ အတိုးငွေထုတ်လများသည် မတ်လ၊ ဇွန်လ၊ စက်တင်ဘာလ နှင့်ဒီဇင်ဘာလတို့၏ နောက်ဆုံးရက်များဖြစ်သည်။

ဘဏ်ဝန်ဆောင်မှုများအားလုံး တစ်နေရာထဲရရှိနိုင်ခြင်း

စာရင်းရှင်အပ်ငွေစာရင်းဖြင့် ချိတ်ဆက်အသုံးပြုနိုင်ခြင်း။

အတိုးနှုန်း

နေ့စဉ်လက်ကျန်ငွေပေါ်တွင် အတိုးတွက်ချက်ပေးခြင်း။
အတိုးရရှိနိုင်ရန်အတွက် လတစ်လ၏မည်သည့်ရက်တွင် မဆိုဘဏ်ဖွင့်ရက်များအတွင်း
ငွေလာရောက်အပ်နှံနိုင်ခြင်း။

အတိုးထုတ်ယူနိုင်မည့်လ

မတ်လကုန်၊ ဇွန်လကုန်၊ စက်တင်ဘာလကုန်နှင့် ဒီဇင်ဘာလကုန်

ငွေထုတ်ခြင်းနှင့် ငွေအပ်နှံခြင်း

ဘဏ်ဖွင့်ချိန်အတွင်း သင်ပြုလုပ်နိုင်သော ငွေထုတ်ခြင်း သို့မဟုတ် ငွေအပ်နှံခြင်းကို အကြိမ်ရေကန့်သတ်ထားခြင်းမရှိပါ။

အွန်လိုင်းဘဏ်ဝန်ဆောင်မှု

ကမ္ဘောဇဘဏ်၏ နောက်ဆုံးပေါ် အွန်လိုင်းဘဏ်ဝန်ဆောင်မှုအားလုံးကို သုံးစွဲနိုင်ပါမည်။

အကျိုးကျေးဇူးများ

High Interest Rate

နေ့စဉ်လက်ကျန်ငွေပေါ်တွင် အတိုးတွက်ချက်ပေးခြင်း။

Flexible Interest

အတိုးရရှိနိုင်ရန်အတွက် လတစ်လ၏မည်သည့်ရက်တွင် မဆိုဘဏ်ဖွင့်ရက်များအတွင်း ငွေလာရောက်အပ်နှံနိုင်ခြင်း။

Convenient

စာရင်းရှင်အပ်ငွေစာရင်းဖြင့် ချိတ်ဆက်အသုံးပြုနိုင်ခြင်း။

Online Banking

ကမ္ဘောဇဘဏ်လီမိတက်၏Online Banking ကိုအသုံးပြု၍ အခြားသောဘဏ် လုပ်ငန်း၀န်ဆောင်မှုများအား လုပ်ဆောင် နိုင်ခြင်း

ကနေဦးအပ်ငွေ

အနည်းဆုံးလက်ကျန်ငွေ

အတိုးနှုန်း

၁၀,၀၀၀ ကျပ်

၁၀,၀၀၀ ကျပ်

၄% (အပ်နှံငွေပမာဏ ကျပ်သိန်း ၅၀၀ ထက်များသောပမာဏအတွက်)
၂% (အပ်နှံငွေပမာဏ ကျပ်သိန်း ၅၀၀ နှင့် ကျပ်သိန်း ၅၀၀ အောက်နည်းသောပမာဏအတွက်)
(တစ်နှစ်လျှင်)

ကနေဦးအပ်ငွေ

၁၀,၀၀၀ ကျပ်

အနည်းဆုံးလက်ကျန်ငွေ

၁၀,၀၀၀ ကျပ်

အတိုးနှုန်း

၄% (အပ်နှံငွေပမာဏ ကျပ်သိန်း ၅၀၀ ထက်များသောပမာဏအတွက်)
၂% (အပ်နှံငွေပမာဏ ကျပ်သိန်း ၅၀၀ နှင့် ကျပ်သိန်း ၅၀၀ အောက်နည်းသောပမာဏအတွက်)
(တစ်နှစ်လျှင်)

စာရင်းဖွင့်လှစ်ရာတွင် လိုအပ်သော အထောက်အထား စာရွက်စာတမ်းများ

နိုင်ငံသားစိစစ်ရေးကဒ် (မူရင်း/မိတ္တူ)