
“Elevate Your Health & Wellness” ကျန်းမာရေး ဟောပြောပွဲ
KBZ Premium Banking နှင့် My-Medicine Team တို့ ပူးပေါင်း၍ All About Bone Health ကျန်းမာရေးဟောပြောပွဲကို The Eravati Sule Grand Yangon တွင် ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၅ ခုနှစ် (သောကြာနေ့) နံနက် ၉း၃၀ နာရီမှ နေ့လည် ၁၂ နာရီအထိ ပြုလုပ်ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားကို ထိုင်းနိုင်ငံ Vimut ဆေးရုံရှိ အရိုးအဆစ်အမြစ်အထူးကု Dr. Somyot Piyaworakul သည် Online မှတဆင့် ယခုလက်ရှိ လူနေမှုဘဝ (Lifestyle) များကြောင့် တွေ့ကြုံနေရသော Unicompartmental Knee Arthroplasty (UKA)Total knee arthroplasty (TKA) Total hip replacement (THR) ဖြစ်ရခြင်းအကြောင်းရင်း၊ ကာကွယ်နည်းနှင့် ထိရောက်သောကုသမှုများအကြောင်းကို မိတ်ဆက်ဆွေးနွေးပေးခဲ့ပါသည်။ ဤဟောပြောပွဲတွင် အရိုးအဆစ်အမြစ်ကျန်းမာရေးနှင့် ပါတ်သက်ပြီး စိတ်ဝင်စားသော Premium Banking Customers တက်ရောက်ကာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ KBZ Premium Banking အနေဖြင့် မိမိတို့ customers များအတွက် ငွေကြေးစိတ်ချလုံခြုံမှု ချမ်းသာခြင်းသုခ အပြင် ကျန်းမာခြင်းသုခ ပါ တပြေးညီစဉ်းစားကာ တန်ဖိုးရှိတဲ့အတွေ့အကြုံတွေဖန်တီးပေးဖို့ ဆက်လက်ကြိုးစားလျက်ရှိပါသည်။