Home Page

ငွေစုဘဏ်အပ်ငွေစာရင်းသည် ငွေစုရန်နှင့် အပ်နှံထားသည့် စုငွေပမာဏအပေါ် အတိုးနှုန်းရရှိရန် အရိုးရှင်းဆုံး ဘဏ်အကောင့်အမျိုးအစားဖြစ်ပါသည်။ ငွေစုဘဏ်အပ်ငွေစာရင်းတစ်ခုဖွင့်ရန် သုံးစွဲသူသည် မြန်မာကျပ် ငွေပမာဏအနည်းငယ်ဖြင့် စတင်ဖွင့်လှစ်နိုင်ပါသည်။ အတိုးနှုန်းသည် တစ်နှစ်လျှင် ၆% ဖြစ်ပြီး သုံးလတစ်ကြိမ်အတိုးရရှိမည်ဖြစ်ပါသည်။ ထို့အပြင်၊ ငွေစုဘဏ်အပ်ငွေစာရင်းဖြင့် ငွေစုစာအုပ်လျှောက်ထားနိုင်ခြင်း၊ m/iBanking လျှောက်ထားခြင်း နှင့် စာရင်းနှင့်ချိတ်ဆက်ထားသည့် Debit Card ရရှိခြင်း စသည့်အကျိုးကျေးဇူးများအပြင် တစ်ဦးချင်းအပ်ငွေစာရင်းဖွင့်လှစ်ထားပါက KBZPay ဖြင့်ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါသည်။