My-Medicine
My-Medicine သည် မြန်မာနိုင်ငံရှိ လူသန်းပေါင်းများစွာကို ဈေးနှုန်းသက်သာပြီး အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရန် ပံ့ပိုးပေးနေသည့် ကျန်းမာရေးဆိုင်ရာနည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါသည်။ My -Medicine ၏ဒစ်ဂျစ်တယ်ကျန်းမာရေးပလပ်ဖောင်းသည် အွန်လိုင်းမှတစ်ဆင့် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ၊ ဆေးမှတ်တမ်းများနှင့် ဆေးညွှန်းများ၊ ဆေးဝါး နှင့် ဆေးဝါးပညာရှင်၏ တိုင်ပင်ဆွေးနွေးမှု၊ ကျန်းမာရေးဆိုင်ရာ ပရိုဂရမ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အချက်အလက်များဆိုင်ရာ နှီးနှောဖလှယ်ပွဲများ စသည့်ဝန်ဆောင်မှုများဖြင့် လူနာများအား ပံ့ပိုးကူညီပေးပါသည်။
My-Medicine သည် လူနာများ၏ကျန်းမာရေးအကောင်းမွန်ဆုံးဖြစ်အောင် ကျန်းမာရေးစောင့်ရှောက်မှုများကို လွယ်ကူအဆင်ပြေပြီး သက်သက်သာသာဖြင့်ရရှိနိုင်ရန် အစွမ်းကုန်ကြိုးပမ်းလျှက်ရှိပါသည်။ My Medicine၏ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများသည် မြန်မာနိုင်ငံရှိ လူဦးရေအများစုမှ ဝန်ဆောင်မှုရယူနိုင်ရန် ဘာသာစကားမျိုးစုံနှင့် တိုင်းရင်းသား ဒေသိယစကားများကို ပံ့ပိုးပေးသည့် ပထမဆုံးသော ကျန်းမာရေးနည်းပညာတစ်ခုဖြစ်သည်။
Our Promise: Raising AWARENESS, Raising ACCESS, AND Delivering AFFORDABILITY

KBZ Premium Banking ၏ အထူးအစီအစဉ်
KBZ Premium Banking သည် My-Medicine နှင့် ပူးပေါင်းဆောင်ရွက်ပြီး အထူးသီးသန့်ကျန်းမာရေးစောင့်ရှောက်မှုဖြစ်သော ဖြင့် အထူးပရိုမိုးရှင်းများအား ပေးအပ်သွားမည်ဖြစ်ပါသည်။
NO. | အကျိုးကျေးဇူးများ | ခံစားရယူနိုင်မည့်ဝန်ဆောင်မှုများ |
---|---|---|
1 | Telemedicine (General Practitioner) | - My-Medicine ပလပ်ဖောင်းပေါ်ရှိ အကောင့်တစ်ခုလျှင် ခန့်အပ်ထားသော အထွေထွေရောဂါကုဆရာဝန်များ (GP) နှင့် ၈ ကြိမ် တိုင်ပင်ဆွေးနွေးခြင်း |
2 | Telemedicine (Specialist) | - My-Medicine ပလပ်ဖောင်းရှိ အကောင့်တစ်ခုလျှင် ခန့်အပ်ထားသော အထူးကုဆရာဝန်များ (SP) နှင့် 4 ကြိမ် တိုင်ပင်ဆွေးနွေးခြင်း *30 specialist categories coverage |
3 | Pharmacist Call Center | - ဆေးဝါးကျွမ်းကျင် (Pharmacist Call Center) နှင့် အကန့်အသတ်မရှိ တိုင်ပင်ဆွေးနွေးခြင်း * နေ့စဉ် မနက် ၉ နာရီမှ ၁၂ နာရီအထိ |
4 | Others | - My-Medicine ပလပ်ဖောင်းရှိ အထူးကုဆရာဝန်များ နှင့် Teleconsultation တွင် 10% လျှော့ဈေး |
My-Medicine Platinum Healthcare Package ၏ အကျိုးကျေးဇူးများ
Healthcare Package အား လျှော့ဈေးဖြင့်ဝယ်ယူလိုပါက My-Medicine ၏ Customer Service Team သို့ နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဆက်သွယ်နိုင်ပါသည်။
